ရှမ်းရွာသစ်မြို့၌ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေး အသိပညာပေး
Jan 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လက်ရှိ တာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ကို ဧပြီလ (၁) ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်ရန် ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းရွာသစ် မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။