ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်း (၂) ကျောင်းအတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း
Jan 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာအုပ်စုအတွင်းရှိ အ.ထ.က (မကျီးဇင်) စာသင်ကျောင်းနှင့် ဂျိုင်လယ် (အ.မ.က/လွန်) စာသင်ကျောင်းတို့အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများအား ရွှေသောင်ယံမြို့ အမှတ် (၃) ရပ်ကွက်ရှိ Worldview International Foundation မှ သွားရောက်လှူဒါန်းခဲ့ကြရာ ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ဂျိုင်လယ် (အ.မ.က/လွန်) စာသင်ကျောင်းအတွက် ငွေကျပ် (၁၈) သိန်း (၇) သောင်း တန်ဖိုးရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က (မကျီးဇင်) စာသင်ကျောင်းအတွက် ငွေကျပ် (၂၆၈၉၀၀) တန်ဖိုးရှိ Canon MF-235 ပရင်တာ (၁) လုံးတို့ကို ပေးအပ်လှူဒါန်းရာ ဆရာ/ဆရာမများနှင့် ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီတို့မှ လက်ခံရယူခဲ့ကြသည်။