ကလေး၊ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် (၄)လသား အရွယ်အမျိုးသားအပါအဝင် အတည်ပြုလူနာ(၆)ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက် များ နှင့်အညီ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိကြသူများမှာ ကလေးမြို့နယ် မြို့သာရပ်ကွက်နယ်မြေ(၅) အသက် (၄) လ ၊ အသက်(၈)နှစ်၊ အသက်(၆၈)နှစ်အရွယ်အမျိုးသား (၃)ဦး၊ အသက်(၂၇)နှစ်၊ (၄၃)နှစ်၊ ၁၆)နှစ်အရွယ်အမျိုးသမီးအရွယ် အမျိုးသမီး(၃)ဦးတို့ဖြစ်ကြပြီး ကျန်းမာရေးဝန်ထမ်းများက ဆေးရုံဆင်းလက်မှတ်များပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီးနောက်လိုက်နာရမည့်အချက်များနှင့် ပတ်သက်၍တိကျလိုက်နာစေရန်မှာကြားခဲ့ကြသည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါ(၄၈)ဦးကျန်ရှိနေပြီး တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အဌား အိမ်ယာအိတ်စွပ်အထူးကြတ်မတ်ကုသဆောင်တို့တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်းသိ သည်။
ထန်းဖုန်(ပြန်/ဆက်)