နတ်မောက် ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနလူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမပတ်အစီအစဉ်အရ အသက်(၈၅)နှစ် အထက် ရပ်ကွက်/ ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည်(၂)နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နတ်မောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ န-ကျားထူးကျေးရွာရှိ အသက်(၈၅) နှစ် အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ဘိုးဘွား (၂၂) ဦးထံသို့ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သွယ်သွယ်အေးနှင့်ဝန်ထမ်းများ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက် ၍ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိဘိုးဘွားများကိုပါ လက်ဝယ် အရောက် ဆက်လက် ပေးအပ် သွားမည်ဖြစ်ကြောင်းနှင့် နတ်မောက်မြို့နယ်အတွင်း အဘိုးအဘွားစုစုပေါင်း(၁၄၀၁)ဦး ရှိကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
လှဝင်း(နတ်မောက်)