ရှမ်းရွာသစ် ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လက်ရှိ တာဝန်ထမ်းဆောင် လျက်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ကို ဧပြီလ (၁) ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်ရန် ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းရွာသစ် မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်ဝင်း က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးဉပဒေ၊ နည်းဉပဒေများကို မြို့ပေါ် (၄) ရပ်ကွက်ရှိ ဒေသနေပြည်သူများအား ရှင်းလင်း ပြောကြားခဲ့ပြီး ဇန်နဝါရီလ (၁၉) ရက်နေ့မှ (၂၆) ရက်နေ့အထိ ကျန်ရှိနေသည့် ကျေးရွာအုပ်စုများ သို့ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝေဠု (ပြန်/ဆက်)