ငွေဆောင် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အ-ထ-က ငွေဆောင်ကျောင်း (Quarantine Centre) ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်နေ့နံနက် (၈) နာရီ ချိန်ကရေသန့်ဘူးများလာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ငွေဆောင်ကမ်းခြေCentral Hotelမှ ရေသန့်ဘူးကတ်(၃၀)အား လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့ တွင် အ.ထ.က ငွေဆောင်ကျောင်းအား အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာအဖြစ် ဖွင့်လှစ်ဆောင် ရွက်ထားလျက်ရှိရာ စေတနာရှင် အလှူရှင်များအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၊ ရေသန့်ဘူးများ၊ စားသောက်ဖွယ်ရာများကို လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
မူမူသွင်(ပြန်/ဆက်)