ငွေဆောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

                                                                                ငွေဆောင်  ဇန်နဝါရီ  ၁၈

ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ဝန်ထမ်းများ၏ ဆောင်ရွက်နေမှုများကို ယနေ့နံနက် ၇ နာရီချိန်တွင် ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ဌာနဆိုင်ရာများမှ မြို့အတွင်းသို့ ကုန်စည်စီးဆင်းမှု အတွက် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ မဖြစ် မနေ ခရီးသွားလာနေရသည့် ပြည်သူများအား ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွား မှတ်တမ်းရေးသွင်းခြင်း၊ နှာခေါင်းစည်း တပ်ဆင်စေခြင်း၊ ခရီးသွားထောက်ခံစာ ပါ/မပါ စစ်ဆေးခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောစေခြင်း၊ ကျန်းမာရေးအသိပညာ ပေးခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်မှ မြို့အဝင်ဂိတ်တာဝန်ကျ ဝန်ထမ်းများ အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်၊ ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်း ပေးပို့ရန်  မှာကြားခဲ့ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)