တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၅) ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန် ဇန်နဝါရီ ၁၈

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case - 128904၊ Case - 128905၊ Case - 129102၊ Case - 129101၊ Case - 129103 တို့သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာသည် တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ အသက် (၆၁) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၄၀) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မြို့မရပ်ကွက်နေ  အသက် (၃၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် စကောလမ်း ရပ်ကွက်နေ အသက် (၁၆) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်သည်။

တီးတိန်ပြည်သူ့ဆေးရုံ၌ လက်ရှိတွင် ပိုးတွေ့အတည်ပြုလူနာ အမျိုးသား (၄၉) ဦးတို့ ဆေးကုသမှု ခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)