ပွင့်လင်းရာသီကာလရောက်ရှိပြီဖြစ်၍ ကျေးရွာနေပြည်သူများ မီးဘေးလုံခြုံရေး မီးသတ်တပ်ဖွဲ့ဝင်များ ကွင်းဆင်း အသိပညာပေး
Jan 18,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း ဒေသခံ ကျေးလက်နေပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ၊ ဇန်နဝါရီ ၁၈ ရက်၊ ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်သီဟ ၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာသို့ သွားရောက်ပြီး မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။