သတင်းများ

မိုင်းရှူးမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (ပထမသုံးလပတ်) အတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွား(၆၃) ဦးအား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာ အရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဒဂုံမြို့နယ် ဈေးများတွင် စျေးရောင်းချသူပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု လျော့နည်းစေရန် နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face shield)များ ဖြန့်ဝေခြင်းဆောင်ရွက်
Jan 18,2021
ဒဂုံမြို့နယ်ရှိ ဒဂုံရိပ်သာစျေးနှင့် အခွန်လွတ်စျေး ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွန့်လမ်းတို့တွင် စျေးရောင်းချသူ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု လျော့နည်းစေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စျေးရောင်း ချရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)၊ မျက်နှာအကာ (face Shield) ဖြန့်ဝေခြင်းကို ယ​နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းနောင်မြို့တွင် နှာခေါင်းစည်း(Mask)မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု ဒုတိယအကြိမ် Mask Campaign ပြုလုပ်
Jan 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၌ နှာခေါင်းစည်း(Mask)မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု ဒုတိယအကြိမ် Mask Campaign ကို မိုင်းနောင်မြို့ရှိ ပျံကျစျေးတွင် ယနေ့ နံနက်(၇)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။.
လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာများတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်း
Jan 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ရန် မြလေးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာနှင့်ဒေါ်လန်းအုပ်စု၊ အလယ်ရွာကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအဆင့်ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြိုင်ကြီးငူအထူး ဒေသ သစ္စာအေးမြိုင်ရွာ ကတ္တရာလမ်း(၆၀၀၀)ပေ ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး
Jan 18,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသ ယခင်စစ်မှု ထမ်းဟောင်းရွာ(သစ္စာအေးမြိုင်)ရွာ ကတ္တရာလမ်း (၆၀၀၀)ပေ ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ကျပ်(၁၉၀ ဒဿမ ၈၄၂)သန်းဖြင့် ငွေတောင်တန်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ယနေ့နံနက်ပိုင်း က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များသည် ငွေတောင်တန်းကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းတစ်ခုလုံး၏ (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအား သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်မြို့ပတ်လမ်းသွယ်(၂)ကွန်ကရစ်ခင်းခြင်းအား ကွင်းဆင်းစစ်ဆေး
Jan 18,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူတွင် မြို့ပြအင်္ဂါရပ်နှင့်ညီညွှတ်စေရန် အတွက် ဘုရားသုံးဆူမြို့ စည်ပင်သာယာရေးအဖွဲ့မှ လမ်းခင်းခြင်း၊ ရေမြောင်းများ တူးဖော်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များရှင်းလင်းခြင်းများ ပုံမှန် ဆောင်ရွက် လျက်ရှိပြီး (၂၀၂၀ -၂၀၂၁) ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၄၁.၇၀၀) သန်း ဖြင့် အရှည်ပေ (၁၄၅၀)၊ အကျယ် (၁၂)ပေ၊ ထု(၆) လက်မရှိ ကွန်ကရစ်လမ်းအား ဘုရားသုံးဆူမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာ ဒေါ်ဆုမြတ်ဇာခြည်မောင်က ကြီးကြပ်၍ (ဒေါနငြိမ်းချမ်း)ကုမ္ပဏီမှ တာဝန်ယူခင်းကျင်း ဆောင်ရွက်လျက်ရှိပါသည်။
နတ်မောက်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
Jan 18,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာ စိုက်ပျိုး လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်းတွင် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု
Jan 18,2021
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့၊ ကျိုက်ဒုံ(အ.ထ.က)ကျောင်း ဝင်း၌ တည်ဆောက်လျက်ရှိသည့်