သတင်းများ

ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရန် သင်တန်းတက်ရောက်
Jan 26,2021
ကိုဗစ်-‌၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ နှစ်ရက်တိတိ ပဲခူးတိုင်းဒေသကြီးအရှေ့ /အ‌နောက်ရှိ မြို့နယ်များ သို့ Zoom Meeting ဖြင့် သင်တန်းပို့ ချရာတွင် ပေါင်းတည်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှ ဦးစီးဌာနမှူး၊ ကြီးကြပ်ဆောင်ရွက်မည့် သူများနှင့် ကာကွယ်ဆေးထိုးနှံပေးမည့် သားဖွား ဆရာမများ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
နောင်တရားမြို့၌ ဒေသခံများအသုံးပြုသည့်ရေထွက်အား ကွင်းဆင်းစစ်ဆေး
Jan 26,2021
နွေရာသီတွင် သောက်သုံးရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ မြို့ခံပြည်သူများအသုံးပြုနေသည့် ထီနောင်ရေထွက်နှင့် ထီပနဲင်ရေထွက်ကို နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်စစ်ဆေးခဲ့သည်။
ရွှေတောင်မြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့က ကျေးရွာကုန်ထုတ်လမ်းအား ကွင်းဆင်းစစ်ဆေး
Jan 26,2021
ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တုနှိုင်းမဲ့ဧကရီ Co,Ltd မှ တာဝန်ယူဆောင်ရွက်သည့် ရွှေကျွန်းကုန်း ကျေးရွာ ကုန်ထုတ် လမ်းလုပ်ငန်းအား အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေ၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသူနှင့် အဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရ သည်။
မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းကြည့်ရှု
Jan 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သဲကုန်း-​ဆောက်ခြုံကြီးလမ်း မြေသား တာ​ဘောင်တင် လမ်းချဲ့၍​ မြေနီ​ကျောက်စရစ်ခင်းခြင်းလုပ်ငန်းအား တင်ဒါ​အောင်မြင်သည့် 25th Group ကုမ္မဏီမှ တာဝန်ရှိသူများ၊ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ကျေးလက်လမ်းဦးစီးဌာန AE ဒေါ်ယဉ်လဲ့လဲ့ကျော် တို့သည် ယမန်နေ့က ရပ်​ကွက်/ကျေးရွာ အုပ်ချုပ်​ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်​ တွေ့ဆုံ၍ လုပ်ငန်းစတင်​ဆောင်ရွက်နိုင်​ရေး ညှိနှိုင်း​ဆွေး​နွေးခဲ့ကြသည်။
မူဆယ်မြို့၊ နယ်စပ်ဒေသ၌ Myanmar Automated Cargo Clearance System (MACCS) စနစ်ကို မေလမှ စတင်ကျင့်သုံးမည်
Jan 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံ၊ နယ်စပ်ကုန်သွယ်မှုအများဆုံးဖြစ်သော မူဆယ်မြို့နှင့် ချင်းရွှေဟော်၊ နယ်စပ်ဒေသတို့တွင် Myanmar Automated Cargo Clearance System (MACCS) စနစ်ကို ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ကာ တိုးချဲ့ကျင့်သုံးတော့မည် ဖြစ်ကြောင်း မူဆယ်-နမ့်ခမ်းအကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။
တနင်္သာရီတွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၃၅၁) ဦးအား လူမှုရေးပင်စင် (၃) လစာအတွက် ထောက်ပံ့ငွေပေးအပ်
Jan 26,2021
တနင်္သာရိတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အသက်ကြီး အဘိုးအဘွား(၃၅၁)ဦးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်လအတွက် တစ်ဦးလျှင် (၁၀၀၀၀) ကျပ်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (ပထမ) (၃) လပတ်အတွက် (၃၀၀၀၀) ကျပ်စီအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပ ခဲ့သည်။
ဖျာပုံမြို့၌ အလှူရှင်များက ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရန် ဒုတိယအကြိမ်အလှူငွေ ကျပ်သိန်း(၃၀၀) ကျော်လှူဒါန်း
Jan 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အလှူရှင်များက နိုင်ငံတော်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ဒုတိယအကြိမ် အလှူငွေများလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကိုယနေ့တွင် အလှူရှင်များ၏ နေအိမ်များသို့ လိုက်လံပေးအပ်ခဲ့သည်။
သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် လှူဒါန်း
Jan 26,2021
နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်သူများအား ထိုးနှံနိုင်ရေး ဆောင်ရွက်လျက် ရှိရာ သဲကုန်းမြို့နယ် အတွင်းရှိ စေတနာရှင်ပြည်သူများမှ ကာကွယ်ဆေးဝယ်ယူရာတွင် ထည့်ဝင် လှူဒါန်းနိုင်ရေးအတွက် မြို့နယ် ကိုဗစ်ကော်မတီ အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။