ရွှေတောင်မြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့က ကျေးရွာကုန်ထုတ်လမ်းအား ကွင်းဆင်းစစ်ဆေး

ရွှေတောင် ဇန်နဝါရီ ၂၆

ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တုနှိုင်းမဲ့ဧကရီ Co,Ltd မှ တာဝန်ယူ ဆောင်ရွက်သည့် ရွှေကျွန်းကုန်း ကျေးရွာကုန်ထုတ်လမ်းလုပ်ငန်းအား အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေ၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသူနှင့် အဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရ သည်။

ကိုကိုမင်း(ပြန်/ဆက်)