သတင်းများ

ဟားခါးမြို့သို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 26,2021
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများ အား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင်ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁) ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဟိုပန်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 26,2021
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ဟိုပန်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ဟိုပန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာပေချစ်သူများအသင်းမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့တွင် အပတ်စဉ် စာအုပ်မိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်
Jan 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ကာလ အတွင်း အွန်လိုင်းမှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီအစီစဉ်ကို ယနေ့နံနက် (၁၀) နာရီ အချိန်တွင် လဟယ်မြို့ စာပေချစ်သူများအသင်းမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ​လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး
Jan 26,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဇလွန်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူး ဖော်ခြင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီရေးကို မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်းနှင့်တာဝန်ခံအင်ဂျင်နီယာတို့မှ ယနေ့ နံနက် ၁၁ နာရီအချိန် ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်အထွက်ဂိတ်များတွင်စစ်ဆေး
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက် လျက်ရှိရာ မြို့အဝင်အထွက် ဂိတ်များမှ နေ့ညအချိန်မရွေး ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေး၊ မြို့တွင်းသို့ဝင်ရောက်မည့် မော်တော်ယာဉ်များပေါ်ပါ ခရီးသည်နှင့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များအား နှာခေါင်းအာခေါင်တို့ဖတ် နမှုနာများအား ရယူ စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် စီမံကြီးကြပ်ရေး ကော်မတီ အစည်းအဝေးပြုလုပ်
Jan 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည် ဖော်စီမံကြီးကြပ်ရေး ကော်မတီ အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်း
Jan 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ခိုယောင်းကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။