မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းကြည့်ရှု

သဲကုန်း ဇန်နဝါရီ  ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သဲကုန်း-​ဆောက်ခြုံကြီးလမ်း မြေသား တာ​ဘောင်တင် လမ်းချဲ့၍​ မြေနီ​ကျောက်စရစ်ခင်းခြင်းလုပ်ငန်းအား တင်ဒါ​အောင်မြင်သည့် 25th Group ကုမ္မဏီမှ တာဝန်ရှိသူများ၊ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ကျေးလက်လမ်းဦးစီးဌာန AE ဒေါ်ယဉ်လဲ့လဲ့ကျော်တို့သည် ယမန်နေ့က ရပ်​ကွက်/ကျေးရွာ အုပ်ချုပ်​ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်​ တွေ့ဆုံ၍ လုပ်ငန်းစတင်​ဆောင်ရွက်နိုင်​ရေး ညှိနှိုင်း​ဆွေး​နွေးခဲ့ကြသည်။

ဆက်လက်ပြီး အဆိုပါအဖွဲ့သည် အင်းမ-ဆင်မြီးဆွဲလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား တင်ဒါ​အောင်မြင်သည့် ပြည်​အောင်တံခွန်ကုမ္မဏီမှ တာဝန်ရှိသူများနှင့်အတူ ရပ်​/ကျေးအုပ်ချုပ်​ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်​ တွေ့ဆုံ၍ လုပ်ငန်းစတင်​ဆောင်ရွက်နိုင်​ရေး ညှိနှိုင်း​ဆွေး​နွေးခဲ့ကြ ကြောင်း သိရှိရသည်။

နိုင်လင်း (သဲကုန်းပြန်/ဆက်)