သတင်းများ

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေလာရောက်လှူဒါန်း
Jan 26,2021
ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်း များအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်၊ အလှူရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ လှူဒါန်း သည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကိုလည်း ပြည်နယ်အတွင်း လိုအပ်သည့် နေရာများသို့
ကျော့ကွင်းမိဒဏ်ရာရ တောရိုင်းဆင်တစ်ကောင် သေဆုံးမှုဖြစ်ပွား
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာအုပ်စု ရေငံကြီး ကျေးရွာနှင့်တောင်ပေါ်ကျဆိပ် ကမ်းအကြားရှိ ဆင်ခေါ်ချောင်းအနီး UTM 11998/15, MN-794623 နေရာ တွင် ရေဒီယိုကော်လံတပ်ဆင်ထားသည့် အသက်(၂၀)နှစ်ခန့်ရှိ တောဆင်ရိုင်း ဟိုင်း(ထီး) ဆင်တစ်ကောင်၏ ရှေ့ဘယ်ဘက်လက်တွင် ကျော့ကွင်းမိ၍ အသားအတွင်း ကြိုးနှစ်ဝင်လျက် ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့်
ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒေါက်တာဇော်မြင့်မောင်ရေးသားသည့် ဆရာဝန်နိုင်ငံရေးသမားစာအုပ်များကို ကျောင်းစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်း
Jan 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ရေးသားသည့် ဆရာဝန်နိုင်ငံရေးသမားစာအုပ်အား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစာကြည့်တိုက် များနှင့်မြို့နယ်ပညာရေးမှူးရုံ စာကြည့်တိုက်များသို့၊ ယနေ့ နံနက်(၁၀)နာရီက ထပ်ဆင့်လှူဒါန်းခဲ့ကြောင်းသိရသည်။
လောင်းလုံးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့်သရုပ်ပြ ဇာတ်တိုက်ပြုလုပ်ခြင်းဆောင်ရွက်
Jan 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်လျော့နည်း စေရန် ရည်ရွယ်ပြီးမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာစစ်ဆေးခြင်းနှင့်သရုပ်​ ပြဇာတ်တိုက်ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့လျှပ်စစ်ဓာတ်အားခွဲစက်ရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်နိုင်ရေးကွင်းဆင်းဆောင်ရွက်
Jan 26,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ရပ်ကွက်/ ကျေးရွာများ အုပ်စုအုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်နိုင်ရေး ထပ်ဆင့်အသိပညာပေး လုပ်ငန်းကို ယမန်နေ့ညနေ ၆ နာရီအချိန်က အော်ယောရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးဖွဲ့စည်း တာဝန်ပေးအပ်
Jan 26,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖယ်ခုံတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးနည်းဥပဒေအား ထပ်ဆင့်အသိပေးရှင်းလင်း
Jan 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၊ ဈေးနောက်ရပ်ကွက်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေအား ထပ်ဆင့်အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့မဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
သုံးခွမြို့နယ်တွင် (၁၀)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပမည်
Jan 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အမှတ်(၁၁)ရပ်ကွက်ရှိ မဟာအတုလဝေယံ သာသနာ့ဗိမာန် တော်ကြီး၌ (၁၀)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အား အပူဇော်ခံနိုင်ရန်အတွက် မြို့နယ် သြဝါဒ ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူ၍ ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲကို ယနေ့မှစ၍ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။