ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရန် သင်တန်းတက်ရောက်

ပေါင်းတည် ဇန်နဝါရီ ၂၆

ကိုဗစ်-‌၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ နှစ်ရက်တိတိ ပဲခူးတိုင်းဒေသကြီးအရှေ့ /အ‌နောက်ရှိ မြို့နယ်များ သို့ Zoom Meeting ဖြင့် သင်တန်းပို့ချရာတွင် ပေါင်းတည်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှ ဦးစီးဌာနမှူး၊ ကြီးကြပ်ဆောင်ရွက်မည့်သူများနှင့် ကာကွယ်ဆေးထိုးနှံပေးမည့် သားဖွား ဆရာမများ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထိုးနှံပေးမည့် ကာကွယ်ဆေးမှာ Covid Shield နှင့် pfizer-BioNTech Covid-19 Vaccine များဖြစ်ပြီး (၂)ကြိမ်ခွဲ၍ ထိုးနှံရမည်ဖြစ်ရာ Covid Shield ကာကွယ်ဆေးထိုးနှံသူများကို ၄ ပတ်၊ ၆ ပတ်ခြား၍ ထိုးနှံခြင်း၊ pfizer-BioNTech ကာကွယ်ဆေးထိုးနှံသူများကို ၃ ပတ်ခြား၍ ထိုးနှံရ မည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်အခြေ အနေအရ အသုံးပြုခွင့်အနေဖြင့်သာ ခွင့်ပြုထားသော ဆေးများဖြစ်ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)