ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေလာရောက်လှူဒါန်း

လွိုင်ကော် ဇန်နဝါရီ ၂၆

ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်း များအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်၊ အလှူရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ လှူဒါန်း သည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကိုလည်း ပြည်နယ်အတွင်း လိုအပ်သည့် နေရာများသို့ အချိန်မီ ဖြန့်ဝေ ဆောင်ရွက် ပေးလျက်ရှိရာ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဝယ်ယူရန် အတွက် မေတ္တာ အောင်မြေ ပရဟိတအဖွဲ့မှတာဝန်ရှိသူများက အလှူငွေကျပ် (၁၀)သိန်း နှင့် Green Leaf Hotel မှ တာဝန် ရှိသူများက အမေရိကန်ဒေါ်လာ($ 300) တို့ကို ယနေ့ နံနက်ပိုင်တွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်နယ် ခေတ္တဝန်ကြီးချုပ် ရုံးခန်း၌ လာရောက် လှူဒါန်း ခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး  နှင့် ကယားပြည်နယ် အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအံ့မော် တို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)