သုံးခွ ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အမှတ်(၁၁)ရပ်ကွက်ရှိ မဟာအတုလဝေယံ သာသနာ့ဗိမာန်တော်ကြီး၌ (၁၀)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အား အပူဇော်ခံနိုင်ရန်အတွက် မြို့နယ် သြဝါဒ ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူ၍ ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲကို ယနေ့မှစ၍ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်းမှ စတင်၍ ဗုဒ္ဓမြတ်စွယ်တော်အား မြိူ့နယ်အတွင်းမှပြည်သူများက ဆွမ်းတော်ကြီး တင် လှူပူဇော်ကြပြီး ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်လှူ ပူဇော်ပွဲ ကျင်းပပြုလုပ်၍ မြို့နယ်သြဝါဒဆရာတော်များနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းမည်ဖြစ်ကြောင်း သိရပြီး ဗုဒ္ဓမြတ်စွယ်တော် ပူဇော်ပွဲအား ယနေ့ ည ၇ နာရီမှ စတင်၍ ဓမ္မရွှေစည်ဝတ်အသင်းက ဓမ္မဒေသနာတော်များဖြင့် ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓမြတ်စွယ်တော်ပူဇော်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ နေ၍ ဖူးမျှော်နိုင် ကြောင်းနှင့် အပူဇော်ခံပွဲကို ဇန်နဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှ ည ၈ နာရီထိ ဖူးမြော် နိုင်ကြောင်း သိရသည်။
ဗုဒ္ဓမြတ်စွယ်တော်အား ဆွမ်းတော်ကြီးတင် လှူပူဇော်ရန် လာရောက်သူများ ဘုရားဖူးများအား သာသနာ့ဗိမာန်တော် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ ကြာဇံကြော်၊ အာဟာရဖြင့် ဒါနပြု လှူဒါန်းကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်