ပင်းတယ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ရပ်ကွက်/ ကျေးရွာများ အုပ်စုအုပ်ချုပ်ရေးမှူး သစ်များ ရွေးချယ်နိုင်ရေး ထပ်ဆင့်အသိပညာပေးလုပ်ငန်းကို ယမန်နေ့ညနေ ၆ နာရီအချိန်က အော်ယောရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအား ထပ်ဆင့်ရှင်းလင်းပြောကြား ပြီး အုပ်ချုပ်ရေးမှူးများ ကြီးကြပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများအား ရွေးချယ်ခြင်း ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်မှုများကို ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်နိုင်ရေး အသိပညာ ပေးခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး ပင်းတယမြို့ပေါ် ၁၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၇ အုပ်စုတွင် ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် မြို့နယ်ကြီးကြပ်ရေး အဖွဲ့ဇုန် ၅ ဇုန်ခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပင်းတယ)