လောင်းလုံးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့်သရုပ်ပြ ဇာတ်တိုက်ပြုလုပ်ခြင်းဆောင်ရွက်

လောင်းလုံး ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်လျော့နည်း စေရန် ရည်ရွယ်ပြီးမီးဘေးကြိုတင်ကာကွယ်ရေးအသိပညာစစ်ဆေးခြင်းနှင့်သရုပ်​ ပြဇာတ်တိုက်ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ လောင်းလုံး မြို့လျှပ်စစ်ဓာတ်အားခွဲစက်ရုံတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်မီးသတ် ဦးစီးဌာနမှ စခန်းတာဝန်ခံ ဒုတိယမီးသတ်ဦးစီးမှူး၊ ဦးမျိုးဇော်ဦး နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄) ဦးမှလျှပ်စစ်ဓာတ်အားစက်ရုံရှိ ဝန်ထမ်းများနှင့် ပြင်ပတွင်ရောင်းချ​နေသော စက်သုံးဆီဆိုင် များအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးထားရှိမှုအခြေအနေများ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးချိတ်မီးကတ်၊ ရေပုံးသဲပုံး၊ မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/ မရှိစစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြုရမည့် အသိပညာပေးမှုများနှင့် မီးငြိမ်းသတ် နိုင်စေရေးသရုပ် ဇာတ်တိုက်ပြသ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သိန်းသိန်း( ပြန်/ဆက်)