သတင်းများ

ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံကြီးအတွက် လူနာတင်ယာဉ် Super Custom တစ်စီး ပေးအပ်လှူဒါန်း
Jan 27,2021
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ငါးကျမ်းတိုက်၊ အေးရိပ်မြိုင်ကျောင်းတိုက် ဆရာ တော်ကြီး ဦးလာသန(မန္တလေး)က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးအတွက် လူနာတင်ယာဉ် အသုံးပြုရန် Super Custom တစ်စီးကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန်က ပြည်သူ့ဆေးရုံကြီးတွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆေးယဉ်ပါး(တီဘီ) ကုသရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်း မြို့နယ်အဆင့် အသိပေးရှင်းလင်း
Jan 27,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Pyi Gyi Khin အဖွဲ့တို့မှ မြို့နယ်အတွင်း ဆေးယဉ်ပါး(တီဘီ) ကုသရေးလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ခြင်း မြို့နယ်အဆင့် အသိပေး ရှင်းလင်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။
မတူပီမြို့၌ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်ဆောင်ရွက်ရန် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်း ဆောင်ရွက်
Jan 27,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ် နိုင်ရေး အတွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မတူပီမြို့၊ ဘုံတလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆီဆိုင်၌ ကိုရီးယားနိုင်ငံမှ လှူဒါန်းလာသည့် ဆန်အိတ်များကို ပရိယတ္တိစာသင်ကျောင်းတိုက်များသို့ ဆက်ကပ်လှူဒါန်း
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့အတွင်းရှိ ပရိယတ္တိစာသင် ကျောင်းတိုက်များသို့ ကိုရီးယားနိုင်ငံမှ လှူဒါန်းလာသည့် ဆန်အိတ်များကို ယမန်နေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအနှစ်ချုပ် လက်ကမ်း စာစောင်များဖြန့်ဝေ
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စီမံခန့်ခွဲမှု ဥပဒေအနှစ်ချုပ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက ဓနုဖြူမြို့ အဝင်ဂိတ်တွင် ဆောင်ရွက်ခဲ့သည်။
ငွေဆောင် အ.ထ.က Quarantine Center တွင် Quarantine ဝင်ရောက်နေသူ(၂၂)ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရောဂါအဖြစ်များသည့် ဒေသများမှ ဝင်ရောက်လာသူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ အ.ထ.ကငွေဆောင် Facility Quarantine Center တွင် (၁၄)ရက် ထားရှိခြင်းနှင့် သတ်မှတ်ရက် ပြည့်မြောက်ပါက Home Stay (၇)ရက် နေထိုင်စေခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့ ရွေးချယ်ဖွဲ့စည်း
Jan 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀ နာရီက သပြုရေလယ်ကျွန်း ကျေးရွာအုပ်စု၌ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
တောင်ကြီး၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက (၇၄)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။