သန်လျင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးဖွဲ့စည်း တာဝန်ပေးအပ်

သန်လျင်  ဇန်နဝါရီ    ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင် ရေးအတွက် ပါဝင်သော ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်း အဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ကိုထွန်းက ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် အသစ်ပြန်လည်ရွေးချယ်မည့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် သတ်မှတ်ထားသော ညွှန်ကြားချက်များ၊ ဥပဒေများနှင့်အညီ ကြီးကြပ် ဆောင်ရွက်ပေးရေး၊  ရပ်မိ ရပ်ဖကြီး ကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ အိမ်ထောင်စု ကိုယ်စားလှယ်များ ကြိုတင်ဖိတ်ကြားရေး၊ ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ လိုက်နာ ဆောင်ရွက်ရေး၊  တက်ရောက် သူများ အားလုံး နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင်ရေး၊ ဖွဲ့စည်းပေး ထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက် ကျေးရွာ ရပ်မိရပ်ဖ ကြီးကြပ်ရေးအဖွဲ့များ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရေးတို့အတွက် အသေးစိတ် ဆွေးနွေးမှာကြား သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်၊၊ သန်လျင်မြို့ နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြီးကြပ်ရေးအဖွဲ့၊    ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူး၊ အုပ်ချုပ်ရေးမှူးအဆင့်ဆင့် ရွေးချယ်ရာ တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၅) တို့အတွက် ဌာနဆိုင်ရာ  ကြီးကြပ်ရေးအဖွဲ့ (၁၀)ဖွဲ့ခွဲကာ ကွင်းဆင်းဆောင် ရွက်ကြမည် ဖြစ်ကြောင်း သိရှိရသည်။

သန်းဝင်း(သန်လျင်)