ကျောက်ပန်းတောင်း၊ ဇန်နဝါရီ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ရေးသားသည့် ဆရာဝန်နိုင်ငံရေးသမားစာအုပ်အား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစာကြည့်တိုက် များနှင့်မြို့နယ်ပညာရေးမှူးရုံ စာကြည့်တိုက်များသို့၊ ယနေ့ နံနက်(၁၀)နာရီက ထပ်ဆင့်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ ဆရာဝန်နိုင်ငံရေးသမားစာအုပ်ကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ရေးသား၍ ဦးပုညဆွေ (အလင်္ကာစာအုပ်တိုက်)က ၂၀၂၀ခုနှစ်၊ အောက်တိုဘာလတွင် အုပ်ရေ(၅၀၀၀)ကို ပထမဆုံးအကြိမ်ထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး၊ ဒေါက်တာဇော်မြင့်မောင်၏ ကိုယ်ရေးအကျဉ်း၊ ဒေါက်တာဇော်မြင့်မောင် ရေးသားခဲ့သည့် ဆောင်းပါးများ၊ ကဗျာများနှင့် မိန့်ခွန်း ကောက်နုတ်ချက် များပါဝင်ကြောင်း သိရသည်။ ထိုစာအုပ်ကို ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာ ဒေါ်ယုယုမေ မိသားစုက တိုင်း ဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး များသို့ ပေးပို့ လှူဒါန်းခဲ့ ခြင်းဖြစ်ရာ၊ ကျေးရွာစာကြည့်တိုက်များနှင့် ကျောင်းစာကြည့်တိုက် များအတွက် ထပ်ဆင့်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာ စာကြည့်တိုက်များနှင့် ကျောင်း စာကြည့်တိုက် (၂၃)တိုက်များသို့ အခြားသုတစာအုပ်များနှင့်အတူ ထပ်ဆင့်ခွဲဝေလှူ ဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)