သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်း များအား ကွင်းဆင်းစစ်ဆေး
Apr 10,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများအား မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဖြစ် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀)နှင့်ပြည်သူလူထု၏ ပူးပေါင်းထည့်ဝင်ငွေများနှင့် ကျေးရွာ(၁၅)ရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်(၉)နာရီက အဆိုပါစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းများအား စံချိန်စံညွှန်းနှင့်ပြည့်မီစေရေး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး တိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး (၂/၂၀၂၁) ကျင်းပပြုလုပ်
Apr 10,2021
ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
မိုင်းယုမြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Apr 10,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ပြည်သူများအား တပ်မတော်ဆေးတပ်ရင်းတပ်ဖွဲ့များနှင့် သူနာပြုများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ဒုတိယအကြိမ်ကို ဧပြီ ၁၀ ရက်နေ့က ရပ်ကွက်ရှိ ဘုန်ကြီးကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
တာလေမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမနေ့ စတင်ထိုးနှံ
Apr 09,2021
တာလေမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပထမ‌နေ့အဖြစ် ယနေ့ နံနက်ပိုင်းက စတင်ထိုးနှံ‌ ပေးလျက်ရှိပြီး အသက် ၆၅ နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား မိဘပြည်သူများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ တာလေဘုန်းတော်ကြီးကျောင်းရှိ ခန်းမဆောင်အတွင်း ကာကွယ်ဆေးများထိုးနှံ‌ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ
Apr 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ် ပြည်သူ့ ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Apr 09,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းပို့ချ
Apr 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းကို ယနေ့ နံနက်(၈)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ
Apr 09,2021
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။