ရန်ကုန် ဧပြီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိသော ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးအား မဟာသင်္ကြန်ကာလဖြစ်သော ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဘုရားဖူးမြော်ခွင့်ပိတ်ထားပြီး ယနေ့မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
စေတီတော်အား ပြန်လည်ဖွင့်လှစ်ပေးခဲ့ချိန်တွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူ၍ ကုသိုလ်ပြု ဥပုဒ်သီလစောင့်တည်ကြသူများ ပရဝုဏ်အတွင်းရှိ အာရုံခံ တန်ဆောင်းများတွင် တရားထိုင်၊ ပုတီးစိပ်၊ အဓိဋ္ဌာန်ပြု၊ ဆုတောင်းနေကြသည့် ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးသည် ကမ်းနားလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်းဆုံတွင် တည်ရှိပြီး ရန်ကုန်မြို့တွင်းရှိ တန်းခိုးကြီးစေတီတစ်ဆူဖြစ်ကြောင်း သိရသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်(ပြန်/ဆက်)