မြိတ် ဧပြီ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ စုစုပေါင်း(၄၆၅)ဦးအား မြန်မာ နှစ်ဆန်း (၁)ရက်နေ့ ဧပြီလ(၁၇)ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေးခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်ပေးခဲ့သော အကျဉ်းသား/သူများမှာ မြိတ်အကျဉ်းထောင်မှ အကျဉ်းသား(၃၁၈)ဦး၊ အကျဉ်းသူ(၃၉)ဦး၊ စုစုပေါင်း(၃၅၇)ဦးနှင့် မြိတ်မြို့နယ် ကျောက်ဖြူတောင် ကျေးရွာရှိ အကျဉ်းဦးစီးဌာန၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်း တွင် အကျဉ်းကျခံနေရသော အကျဉ်းသား(၁၀၈)ဦး၊ စုစုပေါင်း အကျဉ်းသား/သူ (၄၆၅)ဦးတို့ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် တစ်ဖက်တစ်လမ်းမှ နိုင်ငံတော်၏ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား သောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသည် အကျဉ်းသား/သူများအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြစ်ဒဏ် လွတ် ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွတ်ငြိမ်းသက်သာခွင့်ဖြင့်လွတ်ပေးရာတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မြိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ကျော်မိုးသက်၊ မြိတ်အကျဉ်းထောင် တာဝန်ခံ ဦးစောမိုးရွှေတို့က လွတ်ငြိမ်းသက်သာခွင့်ပြုသည့် မြိတ်အကျဉ်းထောင်မှလွတ်ငြိမ်း သက်သာခွင့်ပေး ခဲ့သည့် အကျဉ်းသား/သူများအား ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်များနှင့် ၎င်းတို့ပြစ်ဒဏ် ကျခံရစဉ်က ရရှိသည့် လုပ်အားခ ငွေများ အား ပေးအပ်ခဲ့ကြသည်။
ထို့အတူ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတွင် လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အကျဉ်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသူအောင်နှင့် တာဝန်ရှိသူများက ဆုံးစကားများ ပြောကြားခဲ့ကြပြီး လွတ်ငြိမ်းသက်သာခွင့်ရရှိသည့် အကျဉ်းသားများအား ထောင်လွတ်လက်မှတ်များနှင့် ၎င်းတို့ပြစ်ဒဏ် ကျခံရစဉ်က ရရှိသည့် လုပ်အားခငွေများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်