ကျောက်ဆည် ဧပြီ ၁၇
ကျောက်ဆည်မြို့တန်ခိုးကြီးဘုရားများတွင် နှစ်ဆန်းတစ်ရက်နေ့၌ ဘုရားဖူးများနှင့် စည်ကား လျက်ရှိကြောင်း သိရှိရပြီး ရပ်ကွက်များတွင်လည်း စတုဒီသာကျွေးသူများနှင့် စည်ကားလျက် ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့တွင် ဆုတောင်ပြည့် မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရားနှင့်ရွှေဆပ်သွား ဘုရား၊ တမုတ်ရွှေဂူကြီး ဘုရားများသည် တန်ခိုးကြီးဘုရားများအဖြစ် လူသိများကာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများလာရောက်လျက်ရှိကြောင်း၊ ယနေ့တွင်လည်း ဘုရားဖူးများနှင့် စည်ကားလျက် ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီးသည် ကျောက်ဆည်မြို့ မြောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်းအနီး သင်တောင်းကျေးရွာတွင် တည်ရှိကာ “ဘုရားမှာတော့ နေ့စဉ်ဘုရားဖူးတွေအမြဲ လာရောက်ဖူးကြပါတယ်။ ကိုဗစ်-၁၉ စဖြစ်တုန်းကာလကတော့ ရောဂါကူးစက်မှုတွေ များမှာစိုးလို့ ဘုရားဖူးတွေကို ခဏပိတ်ထားပြီး အခုဆို ဘုရားဖူးပြန်ဖွင့်ပေးလိုက်တော့ စည်ကားမှုတွေက မြင်တဲ့ အတိုင်းဘဲလေ ဘုရားဖူးတွေကိုလည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း ဆောင်ရွက်ထားပြီး လိုက်နာကြဖို့လည်း ဆေ်ဩထားပါတယ်၊ နောက်ပြီး ဘုရားဖူးတွေ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ဖို့အတွက် ယာဉ်ရပ်နားမှုများကို စနစ်တစ်ကျဆောင်ရွက်ပေးထားပြီး စောင့်ကြည့် ကင်မရာတွေကိုလည်း တပ်ဆင်ထားပါတယ်” ဟု ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြသည်။
ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးသည် လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ အောင်မြင် စေရန်အတွက် အုန်း၊ ငှက်ပျောပွဲထိုးကာ သစ္စာအဓိဌာန်ပြု ဆုတောင်းပါက ပြည့်စုံသည်ဟု လူသိ များလျက်ရှိကာ ရန်ကုန်-မန္တလေးကားလမ်းကြီးဘေးတွင် တည်ရှိသောကြောင့် အခြားတန်ခိုးကြီး ဘုရားများထက် ပိုမိုစည်ကားလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင်