မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ အကျဉ်းထောင်နှင့်အကျဉ်းစခန်းများမှ အကျဉ်း သား/သူ ၆၆၀ ဦး လွှတ်ငြိမ်းသက်သာခွင့်ရရှိ

ဘားအံ ဧပြီ ၁၇

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အကျဉ်းထောင်နှင့်အကျဉ်းစခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ ၆၆၀ ဦးအား ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ၏  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ ကြောင်း သိရသည်။

ထိုသို့ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသူ ၂၃၄၀၇ ဦးအား ပစ်ဒဏ် များ အပေါ်လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ဘားအံအကျဉ်းထောင် မှ အကျဉ်းသား ၃၀၂ ဦး၊ အကျဉ်းသူ ၁၂၆ ဦး၊ လက္ခဏ စိုက်/မွေးအကျဉ်းစခန်းမှ အကျဉ်းသား ၉၁ ဦး၊ မာလာဖူးကုန်ထုတ်စခန်းမှ  အကျဉ်းသား ၁၄၁ ဦး စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၆၆၀ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)