မိုင်းဆတ်မြို့၌ သက်ကြီးပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပ

မိုင်းဆတ်   ဧပြီ    ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါန ငါးလွှတ် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကြီးအောင်ခန်းမနှင့် နမ့်ခုတ်ချောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ယနေ့နံနက်(၈)နာရီက ရန်ကြီးအောင်ခန်းမတွင် ကျင်းပပြုလုပ်သော သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦးက သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဗိုလ်မှူးကြီးသော်ဇင်ဦးနှင့် တပ်မတော် အရာရှိ ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဒေသခံပြည်သူများက အသက်(၈၀)နှစ်နှင့်အထက် ဘိုးဘွား(၁၅၀) ဦးအား တစ်ဦးလျှင်(၃၁,၀၀၀)ကျပ် နှုန်းဖြင့် ငွေကျပ်(၁၅,၀၀၀)နှင့် လှူဖွယ်ပစ္စည်း တို့ကိုပူဇော်ကန်တော့ခဲ့ကြသည်။

ထို့နောက် သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့သည့်အတွက် ဘိုးဘွားများကိုယ်စား အဖိုး ဦးစိုင်းချစ်သောင်းနှင့် အဖွားဒေါ်ထားရွှေတို့က ဆုံးမဩဝါဒစကားများပြောကြား၍ ဆုမွန်ကောင်းတောင်းပေးကာ ဘိုးဘွားများအား အာဟာရတိုက်ကျွေးပြီး နေအိမ်များသို့ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ယနေ့နံနက်(၉)နာရီက ဆိုက်ခေါင်ကျေးရွာတွင်ကျင်းပသော ဇီဝိတဒါန ငါးလွှတ်ပွဲသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ပြီး ငါးမျိုးစိတ်မျိုးစုံ (၂၅၅၀) ကောင်ကို ဇီဝိတဒါနအဖြစ် နမ့်ခုတ်ချောင်းအတွင်းသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)