ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်ကျန်းမာရေး အစီအစဥ်ဖြင့် ထိုးနှံပေးလျက်ရှိကြောင်း နှင့် ကာကွယ်ဆေးမထိုးမီ သွေးတိုး၊ ဆီးချိုနှင့် အခြားရောဂါလက္ခဏာများ ရှိ/မရှိနှင့် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ပေးကာ ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ် ၃၀ ခန့် စောင့်ကြည့်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးပြီးသော်လည်း mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်းကို ဆက်လက်ကာကွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးမှူးက အသိပညာပေး မှာကြားခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မတ်လ (၄) ရက်နေ့တွင် စတင် ထို့နှံပေးခဲ့ပြီး ယနေ့ထိကို မြို့နယ်အတွင်းရှိ ဝန်ထမ်းများ(၇၂၃)ဦး၊ အသက်(၆၅)နှစ်အထက်(၅၇၃)ဦး၊ အသက်(၁၈)နှစ်မှ (၆၅)နှစ်အတွင်း(၆၅၅)ဦး၊ မြို့နယ်ပရဟိတ(၁၂၀)ဦး၊ တခြားမြို့နယ်(၄၁)ဦး၊ စုစုပေါင်း (၂၁၁၂)ဦး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာအေးမူယာကျော်ထံမှ သိရှိရသည်။
ဒဂုံဆိပ်ကမ်း(ပြန်/ဆက်)