နမ့်စန် ဧပြီ ၁၉
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၁၀)နာရီကလွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ မြို့ဦး ဘုန်းတော်ကြီးကျောင်းအား သွားရောက်ကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအ ဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိ တို့သည်နမ့်စန်အမှတ်(၈)တပ်မတော် စစ်ဆေးရုံခုတင် (၁၀၀)သို့ သွားရောက်ကာ အလှူငွေများ ပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းကအဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အလှူငွေကျပ်(၃၄)သိန်းနှင့်နမ့်စန်မြို့အမှတ်(၈)တပ်မတော် ဆေးရုံခုတင်(၁၀၀)ရှိ အရာရှိ/စစ်သည်/ အရပ်သားဝန်ထမ်းများအား ချီးမြှင့်ငွေများကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းမှပေးအပ်ရာ နမ့်စန်အမှတ်(၈)တပ်မတော် ဆေးရုံခုတင်(၁၀၀)တပ်မှူးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန် လည်ပေးအပ်ကာကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊အရှေ့အလယ်ပိုင်းတိုင်းတိုင်းမှူး၊ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ဆေးရုံတွင်လာရောက် ဆေးကုသနေသော လူနာများအား သွားရောက်ကြည့်ရှူကာ စားစရာနှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)