ပင်လောင်း ဧပြီ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သံဃာ တော်များ၊ ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူလူထုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဒုတိယ အကြိမ် ထပ်မံထိုးနှံပေးမှုများကို ဧပြီ ၁၂ ရက်နေ့တွင် ပြန်လည် စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို မတ်လ (၁၀)ရက်နေ့စတင်ပြီး ပင်လောင်းမြို့ပေါ် ရပ်ကွက် များ၊ မြို့နှင့်အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဘက်စုံသုံးခန်းမတွင် လည်းကောင်း၊ နောင်တရားမြို့ နောင်တရားတိုက်နယ်ဆေးရုံတွင်လည်းကောင်း၊ ပေါင်းလောင်းမြို့ ပေါင်းလောင်း တိုက်နယ်ဆေးရုံ တွင် လည်း ကောင်း ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီးဖြစ်ရာ ပထမ အကြိမ်တွင် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း ၅၆၄၄ ဦးရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့် သူများအား စာရင်း ကောက်ယူ ရေးသွင်းခြင်း၊ ဆေးထိုးမှတ်တမ်းလက်မှတ်ထုတ်ပေးခြင်း၊ မြို့နယ် ကုသရေးနှင့်ပြည့်သူကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့် သူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း ၅၆၄၄ ဦးရှိရာ ဒုတိယအကြိမ်တွင်လည်း အဆိုပါ အရေ အတွက် ပြည့်မီ စေရေး ကာကွယ် ဆေးများကို သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်