ငါးသိုင်းချောင်း ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ စည်ပင်သာယာမြို့မဈေး၌ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း ကူးဆက်ပြန့်ပွားခြင်းမရှိစေရေးအတွက် ဒေသခံပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း (mask)နှာခေါင်းစည်း တပ်ဆင် ဆက်သွယ်သွားလာရေးနှင့် (mask)နှာခေါင်းစည်း နှင့်မျက်နှာကာ(face shield)များ အခမဲ့ ဖြန့်ဝေခြင်း၊ ဈေးအတွင်းတပ်ဆင်ထားရှိသည့် လက်ဆေးဘေဇင်များ၌ စနစ်တကျလက်ဆေးရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊ မြို့ကြက်ခြေနီအသင်းခွဲငယ်တို့က စုပေါင်း အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြပြီး (mask) နှာခေါင်းစည်း အခုရေ(၅၀၀)နှင့် မျက်နှာကာ(Face Shield)အခုရေ(၁၀၀)တို့ကို ဒေသခံပြည်သူ များသို့အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။
စိုးမင်းဦး(ငါးသိုင်းချောင်း)