ရန်ကုန် ဧပြီ ၂၇
ပြင်ပဆေးရုံ ဆေးခန်းများတွင် ပြသရန်အခက်အခဲရှိသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် မြို့မကျောင်းလမ်းရှိ အမှတ်(၂)တပ်မတော် (ကုတင်၅၀၀)ဆေးရုံတွင် လာရောက်ပြသ နိုင်ကြောင်း သိရသည်။ နယ်ဆေးရုံများမှ လွှဲပြောင်းသော လူနာများနှင့် ဆင်းရဲချို့တဲ့သော လူနာများ နေ့စဉ်လာရောက်ပြသလျက်ရှိပြီး နေရေး၊ စာရေး၊ ဆေးဝါးအခက်အခဲများရှိသဖြင့် လာရောက် လှူဒါန်းနိုင်ရန် အလှူရှင်များ လိုအပ်လျက်ရှိသည်။ လာရောက်ပြသသည့် လူနာများပြားသည့်အတွက် စောင့်ဆိုင်းရမှု အချို့ရှိပြီး လူများပြားထူထပ်သောကြောင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် Mask၊ Face Shield၊ Handgel များအား အသုံးပြုသင့်ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)