မြင်းခြံ ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁၅) ရပ်ကွက်တွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့များပေးအပ်ခြင်းကို ယနေ့ နေ့လည် ၁၂:၃၀ နာရီ အချိန်က မြင်းခြံမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
မြင်းခြံမြို့ အမှတ် (၁၅) ရပ်ကွက်တွင် ဧပြီလ ၂၀ ရက်နေ့ည မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁၂) စု လူဦးရေ (၄၇) ဦးတို့အတွက် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေး အပ်သော အိမ်ပြန်လည်တည်ဆောက်ရန်အတွက် အိမ် (၁၀) လုံးအတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်း၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၉၈၇၀၀) နှင့် ကလေးကျောင်းဝတ်စုံတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိန်းနှင့် ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ရတနာမြင့်တို့မှ ပေးအပ်ခဲ့သည်။ ဧပြီလ ၂၁ ရက်နေ့တွင် မီးဘေးသင့် အိမ်ထောင်စု (၁၂) စုအတွက် ပစ္စည်း(၁၇)မျိုး ထောက်ပံ့ပစ္စည်းပုံးများ (၁၂) ပုံးကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်
မြင်းခြံခရိုင်(ပြန်/ဆက်)