သန်လျင်မြို့နယ် ချောင်းစောက်ကျေးရွာ၌ အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်လှစ်

ရန်ကုန် ဧပြီ ၂၇

 ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချောင်းစောက်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းများ တိုးတက်ရရှိစေရန် ရည်ရွယ်၍ မြို့နယ်များ၌ အခြေခံအပ်ချုပ်စက် သင်တန်းများ ဖွင့်လှစ် ပေးနေမှုတို့အား ရှင်းလင်းပြောကြားပြီး သင်နည်းပြ ဆရာမတစ်ဦးက သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား သင်တန်းသူ များ တက်ရောက်ကြသည်။

အဆိုပါ သင်တန်းသို့ သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၄၅) ကြာ သင်တန်းဖြစ်ကာ အပ်ချုပ်စက်ဆိုင်ရာများအား စာတွေ့၊ လက်တွေ့ သင်တန်းကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)