ချင်းပြည်နယ်၊ ဖလမ်းမြို့၌ CovidShield ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံပေးခြင်း အခမ်းအနား ကျင်းပြုလုပ်

ဖလမ်း ဧပြီ ၂၇

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်ပြုလုပ်သည့် သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၆၀)နှစ် နှင့်အထက်ရှိ သူများအား CovidShield ကာကွယ်ဆေး(ဒုတိယ)အကြိမ် ထိုးနှံပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမ၌ ကျင်းပပြုလုပ်သည်။

ကာကွယ်ဆေးထိုးနှံခြင်းတွင် CovidShield ကာကွယ်ဆေး(ပထမ)အကြိမ်တွင် ထိုးနှံပြီးသည့် ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များအား ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းလမ်းညွှန်ချက်များ နှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်နေရာများတွင် စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက CovidShield ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)