တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြိတ်ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ

မြိတ်  ဧပြီ   ၂၇

တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင် သည် တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်(၁) နာရီက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမတွင် ခရိုင်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားသည့် မိန့်ခွန်းကို ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး ဒေသတည်ငြိမ် ဖွံ့ဖြိုး တိုး‌တက်ရေးအတွက် ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အားလုံးတွင် တာဝန်ရှိပါကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံကောင်းစေရန်အတွက် ဝန်ထမ်းကောင်းများဖြင့် တည်ဆောက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်ကြီး က မိတ်ဆက်အမှာ စကားပြော ကြားပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့အတွင်းရေးမှူး  ဦးခင်မောင်ချိုက အခက်အခဲကြားထဲမှ နိုင်ငံ့ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြသော ဌာနဆိုင်ရာဝန်ထမ်းအား ကျေးဇူးတင်ရှိကြောင်းနှင့် ဌာနအလိုက် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က ဒေသဆိုင်ရာအချက်အလက် များနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများနှင့် အတူ မြိတ်မြို့ရှိ နိုင်ငံတော်ဩဝါဒစရိယ လှည်းဘီးကျောင်း ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အဖွဲ့ဝင် ကန်သာကျောင်းတိုက် ဆရာတော်တို့အား သွားရောက် ဖူးမျှော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းကြသည်။ ဆက်လက်၍ ကန်ကြီးရပ်ကွက်နှင့် မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင်  ရပ်မိရပ်ဖများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များအား သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်