မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဆရာကြီးဦးခင်မာင်သန်း၏ ပညာ ရည်ချွန်ဆုပေးပွဲကျင်းပ

သရက် မေ ၁၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်း အလိုက် ရမှတ်အများဆုံး ရရှိသူများအား ဆရာကြီး ဦးခင်မောင်သန်း ပညာရည်ချွန်ဆုပေးပွဲကို ယနေ့ နံနက်(၈)နာရီက မြောက်မင်းတည်း ရပ်ကွက်အုတ်ဖိုကျောင်းလမ်း ဆရာကြီး ဦးခင်မောင်သန်း၏ နေအိမ်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဆရာကြီး ဦးခင်မောင်သန်း ပညာရည်ချွန်ဆု အကျိုးတော်ဆောင်အဖွဲ့ ခေါင်းဆောင် ဦးစိုးလှမြင့်က ထူးချွန်ထက်မြတ်ပြီး စိတ်စေတနာ ကောင်းမွန်သည့် လူရည်ချွန် များ ပေါ်ထွန်းရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး အမှတ်(၁) အခြေခံပညာအထက်ကျောင်းမှ ရမှတ်အများဆုံးရရှိသူ မသိင်္ဂီအောင်နှင့် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းမှ ရမှတ်အများဆုံးရရှိသူ မောင်ပြည့်ဖြိုးဝေတို့အား ဆရာကြီး ဦးခင်မောင်သန်းက ဆုများချီးမြှင့်ပေးခဲ့သည်။

ထို့နောက်အမှတ်(၁) အခြေခံအညာ အထက်တန်းကျောင်းမှ ရမှတ်အများဆုံးဖြင့်ဆုရရှိသည့် မသိင်္ဂီအောင်က ကျေးဇူးတင်စကား ပြန်လည်ပြေကြားပေးခဲ့ကြောင်းသိရသည်။

ဇော်ထက်(သရက်)