နတ်မောက်မြို့နယ်တွင် နွေစပါးစိုက်ခင်းများအတွင်း ဘက်စုံသီးနှံကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နတ်မောက် မေ ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင် ကြီးကြပ် မှုဖြင့် နွေစပါး စိုက်ခင်းများအတွင်း ဘက်စုံသီးနှံကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျောက်တံခါးကျေးရွာ တွင် ဆောင်ရွက်ခဲ့သည်။

ကျောက်တံခါးဆည်ရေသောက် ကျောက်တံခါးကျေးရွာတွင် နွေစပါး (၁၁၃)ဧက စိုက်ပျိုး ထားရှိရာ သီးနှံကာကွယ်ရေး နည်းစနစ်အနေဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှု လျော့နည်း စေရေး စိုက်ပျိုး ထွက်ရှိသည့် သီးနှံထွက်ကုန်များတွင် ဓာတ်ကြွင်းအာနိသင်မပါရှိဘဲ အစားအစာ လုံခြုံစိတ်ချရသော ထုတ်ကုန်ရရှိရေး တောင်သူများ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ် လျော့နည်း စေရေးအတွက် ဘက်စုံ သီးနှံပိုးမွှား ကာကွယ်ရေးနည်းစနစ်များ (IPM) စနစ်များ တောင်သူများ လက်ခံကျင့်သုံး ဆောင်ရွက်လာ နိုင်စေရေးအတွက် အဝါရောင်ပိုးထောင်ချောက် (Yellow Card) များပံ့ပိုးစိုက်ထူပေးခြင်း၊ သဘာဝ ပိုးသတ်ဆေးများပေးအပ်ခြင်း နှင့်နည်းစနစ်တကျ ပတ်ဖျန်း တက်စေရေး လက်တွေ့ ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးပညာပေး ဝန်ထမ်း များနှင့် တောင်သူများပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်