ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် ၊ မိုးရာသီတွင် စိုက်ပျိုးရန် အတွက် ပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိ

ပွင့်ဖြူ မေ ၁၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ခုနှစ် ၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ၊ သဘာဝတောများ ကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေး အန္တရာယ်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရန် ပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်သစ်တော ဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရ သည့် ရာသီဥတု ပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝ တောများ ပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်၍ ယူကလစ် ၊ ကျွန်း ၊ ကံကော် ၊ ရှား ၊ တမာ ၊ ဝါး ၊ မဲဇလီ ၊ ကုက္ကို ၊ ရေတမာ ၊ ခရေ ၊ ပိန္နဲ ၊ ကဗွီး ၊ မန်ဂျန်ရှား စသည့် အရိပ်ရ ပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင် အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် ကျေးလက်ဒေသစိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ ဖြန့်ဝေပေး ခြင်း၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော စိုက်ခင်း များ တည်ထောင်စိုက်ပျိုးခြင်း၊ မုန်းချောင်းကမ်းပြိုကာကွယ်ရေး ဗာတီဗာမြက်မျိုးများ စိုက်ပျိုး ခြင်း၊ သဘာဝ ဘေးကြောင့် ပျက်စီးသည့်သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် ရေဝေရေလဲစိုက်ခင်းများ အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခုနှစ် မိုးရာသီတွင်လည်း မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အတွက် အကောင် အထည်ဖော် စိုက်ပျိုးရန်အတွက် လူထုဖြန့်အနေဖြင့် ကျွန်း၊ ယူကလစ်၊ ဝါး ၊ ခရေ ၊ တမာ ၊ မဲဇလီ၊ သစ်စိမ့် စသည့် အရိပ်ရပျိုးပင်ပေါင်း လေးသောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော စိုက်ခင်း တည်ထောင်စိုက်ပျိုးရန် ယူလစ်၊ ကျွန်း၊ လျှော်ဖြူ စသည့် အရိပ်ရ ပျိုးပင်ပေါင်း ၁၀၅၀၀၀ ပင် ၊ အထူးစိမ်းလန်းစိုပြည်ရေးအတွက် မျှင်ဝါး ၊ ကုက္ကို ၊ တမာ ၊ မဲဇလီ ၊ ရေတမာ ၊ ကံကော် ၊ ခရေ ၊ ပိန္နဲ ၊ ကဗွီး ၊ ကျွန်း ၊ မန်ဂျန်ရှား စသည့် အရိပ်ရပျိုးပင် ၂၂၀၀ ပင် ၊ ပွင့်ဖြူမြို့နယ် ရွှေစက်တော် ကြိုးဝိုင်း အတွင်း အကွက်အမှတ်(၉)တွင် ရေဝေရေလဲစိုက်ခင်း ဧက(၃၀) တွင် စိုက်ပျိုးရန် မြန်မာကုက္ကို ၊ ရှား ၊ လျှော်ဖြူ စသည့် အရိပ်ရပျိုးပင် ၆၀၀၀ ပင် ၊ မုန်းချောင်းအနီးရှိ ကျေးရွာနေပြည်သူများ မုန်းချောင်း ကမ်းပြိုကာကွယ်ရေး အတွက် စိုက်ပျိုးရန် ဗာတီဗာမြက်ပျိုးပင် ၆၀၀၀ ပင် ၊ စုစုပေါင်း အရိပ်ရပျိုးပင် ၁၁၉၂၀၀ ပင်အား အကောင်အထည်ဖော် စိုက်ပျိုးရန်အတွက် ပြုစုပျိုး ထောင်ထား ရှိပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော် က ပြောကြားသည်။

ရဲဝင်းနိုင်