မင်းလှမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများ ထုတ်ပေး

မင်းလှ မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သူများ၏ အမှတ်စာရင်းများကို အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်းတွင် ယမန်နေ့စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အမှတ်စာရင်းထုတ်ပေးရာတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သော ကျောင်းသား‌ ကျောင်းသူများ ကိုယ်တိုင်မလာရောက်နိုင်ခဲ့လျှင် အုပ်ထိန်းသူမိဘ၊ ကိုယ်စားလှယ်များက ခုံအမှတ်ပြသရုံဖြင့် အမှတ်စာရင်းများကို ထုတ်ပေးခဲ့ပြီး၊ တက္ကသိုလ်ဝင်ခွင့်လျောက်လွှာများကိုလည်း တစ်ပါတည်း ထုတ်ပေးခဲ့‌ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များကိုလည်း ထုတ်ပေးသွားမည်ဖြစ်ရာ  ပတ်စပို့စ်ပုံ(၃)ပုံဖြင့်  မေလကုန်ပိုင်းအထိ လာရောက်လျောက်ထားနိုင်ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် အ.ထ.က (မြို့ပြင်)စာစစ်ဌာန၊ အ.ထ.က (မြို့တွင်း) စာစစ်ဌာနနှင့် အ.ထ.က (စစ်ကွင်း) စာစစ်ဌာနတို့ဖြင့် ကျောင်းသား/ကျောင်းသူ (၁၆၀၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၄၆၈) ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နူန်း( ၂၉.၁၄) ရရှိပြီး ၊ (၄)ဘာသာတစ်ဦး၊ (၃) ဘာသာငါးဦး၊ (၂)ဘာသာ(၁၉)ဦး၊ (၁)ဘာသာ(၄၉) ဦးတို့ ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ ပြန်/ဆက်