ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းတွင် ဆီတင်ယာဉ် တိမ်းမှောက်၍ တစ်ဦးသေဆုံး

ပန်းတနော်၊ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စု ဥတိုကျေးရွာ ရန်ကုန်- ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် (၄၅/ ၆)နှင့် (၄၅/ ၇)အကြားတွင် ယမန်နေ့ ည ၉ နာရီ အချိန်ခန့်က  ဆီတင်ယာဉ် တိမ်းမှောက်၍ တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ပုသိမ်မှ ရန်ကုန်သို့ယဉ်   မောင်းစိုးသူရ မောင်းနှင်လာသော AYY-4G/---------HINO အမျိုးအစား ဆီတင်ယာဉ် (၈) ဘီးသည် လမ်းအတိုင်း မောင်းနှင်လာစဉ် လမ်းစလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းတစ်ဘက် ယာဉ်ကျောလမ်းဘေးသို့ ထိုးကျတိမ်းမှောက်သည့် သတင်းရရှိသဖြင့် ပန်းတနော်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမောင်မောင်ဦးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် ၁ စီးဖြင့်ထွက်ခွာ၍ လိုအပ်သည်များ ကူညီပေးခြင်း၊ ယာဉ်ခေါင်းခန်းအတွင်း ညှပ်၍ပိတ်မိနေသူအား ကယ်ထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါသူ ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရာ ပန်းတနော်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် တစ်ဦးမှာ သေဆုံးသွားကြောင်း ပန်းတနော်မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အားပေါ့လျော့စွာ မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိုးသူရအား ပန်းတနော်မြို့မ ရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)