ညောင်တုန်းမြို့နယ်၌ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကျင်းပ

ညောင်တုန်း  မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနား ကိုယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် သင်တန်းနည်းပြဆရာတော်မှ သြဝါဒကထာများကို ရွတ်ပွားချီးမြှင့်သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူက ၀န်ထမ်းများအနေဖြင့် မိမိကိုယ်တိုင် လူတော်လူကောင်း တစ်ယောက်ဖြစ်စေလိုကြောင်း ဘ၀၏အကြီးမားဆုံး လိုအပ်ချက်ဖြစ်သည့် မိမိကိုယ်တိုင်ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမများအား သိရှိ လိုက်နာစေလို၍ ယဉ်ကျေးလိမ္မာသင်တန်းအား ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ လမ်းညွှန်မှုဖြင့် သင်တန်းနည်းပြ ဆရာတော်များက သင်ကြားပြသပေးသွား မည်ဖြစ်ရာ မြို့နယ်အဆင့်ဌာဆိုင်ရာရုံးများမှ သင်တန်းသား/ သင်တန်းသူ (၃၃)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ ၁၂ ရက်မှ မေလ ၂၁ ရက်နေ့အထိဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)