မြောင်းမြမြို့၌ဌာနဆိုင်ရာဝန်ထမ်းများအတွက်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

မြောင်းမြ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သာသနာရေးဦးစီးဌာနနှင့် ပညာရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ယဥ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက်(၈)နာရီက အလယ်တောရကျောင်းတိုက်၊ ပုပ္ပါရုံကျောင်းဆောင်ခန်းမ၌ ကျင်းပ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုပူဇော်ကာ ဖွင့်လှစ်ပြီး အဂ္ဂမဟာ ပဏ္ဍိတ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး ဘဒ္ဒန္တပညာသီဟက ငါးပါးသီလနှင့် သြဝါဒ ကထာများကို ချီးမြှင့်သည်။

အဆိုပါသင်တန်းတွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ လမ်းညွှန်မှုဖြင့် အဖွဲ့ဝင်နည်းပြ ဆရာတော်များက သင်ကြားပြသပေးသွားမည်ဖြစ်ရာ  သင်တန်းသား/ သင်တန်းသူ အမှုထမ်းငယ် (၃၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ ၁၂ ရက်မှ မေလ၂၃ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

ကေခိုင်စိုး(မြောင်းမြ)