လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သူများထံ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာ များ ထောက်ပံ့

သထုံ     မေ       ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာတွင် လေပြင်း တိုက်ခတ်မှု ကြောင့် နေအိမ်အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသူများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရန်ပုံငွေဖြင့် အထက (ခွဲ) ကမာစိုင်ကျောင်း၌ ယမန်နေ့က တာဝန်ရှိသူတို့က ဆန်နှင့်အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အိမ်ထောင်စုများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှူး ဒေါ်စန်းစန်းဝင်းနှင့် တာဝန်ရှိသူများတို့က ဆန်ရိက္ခာအတွက် ထောက်ပံ့ငွေ (၈၃၇,၉၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၃၁၀၅၀၀၀) ကျပ်၊ စုစုပေါင်းငွေကျပ် (၃၉၄၂,၉၀၀) တို့ကို ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။

ဒုံဝန်း‌ကျေးရွာနှင့် ကမာစိုင်ကျေးရွာတို့တွင် မေလ ၆ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့ရာ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းနှင့် လူနေအိမ်(၈၇)လုံးခန့် အမိုးများ လန်ပြီး ထိခိုက် ပျက်စီးခဲ့ရကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။