ကျိုင်မရော မေ ၁၂
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှူးရုံးမှ မြို့နယ်အတွင်းနေထိုင်လျက်ရှိသူများ အနက်မွေးရာပါ နိုင်ငံသား အရည်အချင်းရှိသော တိုင်းရင်းသားများနှင့် တိုင်းရင်း သား မဟုတ်သော်လည်း ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်သောဥပဒေအရ နိုင်ငံသားများအား ၁၉၄၉ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေတို့ဖြင့်စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေနှင့် အညီကိုင်ဆောင်သင့်သည့်နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ နိုင်ငံသားပြုစိစစ်ရေးကဒ်ပြား၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြားစသည့်ကဒ်ပြားတစ်မျိူးမျိုးဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်ရှင်းလင်းပွဲကို ယနေ့နံနက်၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာမြို့နယ် ဦးစီးမှုး ဦးငွေသောင်းကစီမံချက်အကောင် အထည်ဖော်ရာတွင်
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အောက်ခြေရှိလူဦးရေ စာရင်းများအားသေချာစွာပြုစု၍ သက်ဆိုင်ရာတာဝန်ရှိ သူများ နှင့်ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများအဆင်ပြေချောမွေ့မည် ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာကြသည့်ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ ကမိမိတို့သိလိုသော မရှင်းလင်းသည့် အကြောင်းအရာများ ကိုပြန်လည် မေးမြန်း ခဲ့ကြောင်းသိရ သည်။
ကျိုက်မရောမြို့နယ်တွင်ပန်းခင်းစီမံချက်အဖြစ် အသက်၁၆နှစ်အထက် ပြည့်ပြီးသူများအား အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားမရရှိသေးသူများအိမ်ထောင်စု လူဦးရေ စာရင်းမရှိ၊နိုင်ငံသား စိစစ်ရေးကဒ်ပြားမရှိသေးသူများ၊ နိုင်ငံသားပြုကဒ်ပြားမရှိသေးသူ၊ အမျိုးသား မှတ်ပုံတင်မရှိသူ၊ကိုင်ဆောင်သင့်သည့် ကဒ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးကို မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ ၂၀၂၁ခုနှစ်၊မေလ(၁၃)ရက် နေ့မှစတင်ကာ (၁၈) လအကြာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)