ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့်ပိတ်ထားသည့် ကာလ အတွင်း Online မှတဆင့် ဆင်စာဘူဖေးကျွေးမှု (၁၇၅)ကြိမ်ရှိလာ

ညောင်ဦး  မေ  ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်း ပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ဆင်စခန်းတာဝန်ခံ (လက်ထောက်မန်နေဂျာ) ဦးမျိုးမင်းကို ထံကသိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊  မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ် ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား  ၂၀၂၀ပြည့်နှစ် မတ်လ ၂၅ရက်နေ့မှ စတင်ကာ ခေတ္တယာယီပိတ်ထားခဲ့ရာ မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလျှက်ရှိရာ ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ဆင်စခန်းပိတ်ထားသည့် ကာလအတွင်း Online မှတဆင့် ဆင်စာဘူဖေးကျွေးမှု (၁၇၅)ကြိမ်ရှိလာ ပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်းကြိုတင်ချိတ်ဆက်မှုများလည်းရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုထံက သိရသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိ ထားပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့်Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကိုအဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြပြီး ဆင်စာဘူဖေး တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ်ကောင် အတွက်တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်းသိရသည်။

ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားစဉ်ကာလ အတွင်း ဖုံးဖြင့်ဖြစ်စေ၊ ဆင်စခန်းPage များမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်း ကမ်းသာယာ ဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုံး(၇၉၃၈၂၀၅၃၂) သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။                                           

ကိုထိန်၊KPD