မြန်အောင်၌ မြို့နယ်ပညာရေဦးစီးဌာနနှင့်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကျင်းပ

မြန်အောင် မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ မြို့နယ်ပညာရေး ဦးစီးဌာနနှင့်သာသ နာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။

ယဉ်ကျေးလိမ္မာသင်တန်းကို နိုင်ငံ‌တော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တဣန္ဒာသဘ၊ မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တနာရဒနှင့်မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးချိုချိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား /သူများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံ‌တော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တဣန္ဒာ သဘနှင့်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တနာရဒတို့က ငါးပါးသီလနှင့် သြဝါဒကထာများကို ရွတ်ပွားချီးမြှင့်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချိုချိုနှင့်အဖွဲ့ဝင်များက ဆရာတော်ကြီးများနှင့် သင်တန်းနည်းပြ ဆရာတော်များထံ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါသင်တန်းတွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ လမ်းညွှန်မှုဖြင့် အဖွဲ့ဝင်နည်းပြ ဆရာတော်များက သင်ကြားပြသပေးသွား မည်ဖြစ်ရာ မြို့နယ်ဌာဆိုင်ရာရုံးများမှ သင်တန်းသား/ သင်တန်းသူ အမှုထမ်းငယ်(၃၀)ဦးနှင့် ကျောင်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ ၁၃ ရက်မှ မေလ ၁၆ ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

ဝင်းဗိုလ် (မြန်အောင်)