ကျောက်ဖြူ မေ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊စေတီယျရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် A-G-T-I(တတိယနှစ်)သင်တန်းအား မေလ ၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက် မှုသိပ္ပံ(ကျောက်ဖြူ) ကျောင်းတွင် A-G-T-I(တတိယနှစ်)အား တက်ရောက်သင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၃၅ ဦးရှိပြီး သင်ကြားပို့ချပေးနေသည့် အဓိက မေဂျာ ဘာသာရပ်များ အနေဖြင့် Civil (မြို့ပြအင်ဂျင်နီယာ)၊ EP (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ) ၊ IT(သုတနည်းပညာ) စသည့်ဘာ သာရပ်များကို ပြသပေးလျက်ရှိကြောင်း ၎င်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်မွန်က ပြောကြားခဲ့သည်။
ကျောက်ဖြူမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို ယခင်က သန်ပန်ချောင်းရပ်ကွက် တွင် ယာယီဖွင့်လှစ်ထားခဲ့သော်လည်း ယခုအခါ စေတီယျရပ်ကွက်ရှိ ကျောင်းဆောင်သစ်ကြီးတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာဖြင့် တက်ရောက် သင်ယူ လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း